မိမိ၏ ကလေးအသက်အလိုက် ထိုးနှံတိုက်ကျွေးနိုင်သော ကာကွယ်ဆေးအမျိုးအစားများကို ဤနေရာတွင် ရှာဖွေနိုင်ပါသည်။

မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာနှင့် အနီးဆုံးတွင် ထိုးနှံတိုက်ကျွေးပေးနေသော ကာကွယ်ဆေးထိုး စုရပ်များကို ဤနေရာတွင် ရှာဖွေနိုင်ပါသည်။


ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း၏ အရေးပါမှုနှင့် အကျိုးကျေးဇူးများ

ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ခြင်း အစီအစဥ်

Vaccine Plan

ကာကွယ်ဆေးထိုးမှတ်တမ်းကဒ်ပြား

Vaccine Plan Vaccine Plan

ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ရန် အသင့်လျော်ဆုံး အရွယ်တွင် မထိုးမတိုက်လိုက်ရသော ခ‌လေးများ အတွက်လမ်းညွှန်

Vaccine Plan

အမေးများသည့် မေးခွန်းများနှင့် အဖြေများ

ကာကွယ်ဆေးများ လုံခြုံစိတ်ချရပါသလား။

  • ကာကွယ်ဆေးများသည် လုံခြုံစိတ်ချရပြီး ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းဖြင့် အသက်များကို ကယ်တင်နိုင်ပါသည်။ လုံခြုံစိတ်ချရသော ကာကွယ်ဆေးများဖြစ်ရန်အတွက် စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ထားပါသည်။
  • ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပြီးနောက် အနည်းငယ်ဖျားခြင်းနှင့် နာကျင်ခြင်းတို့ဖြစ်ပွားတတ်သော်လည်း ကာကွယ်ဆေးမထိုးနှံ/ မတိုက်ကျွေးလိုက်ရပါက ရောဂါကူးစက်နိုင်ပြီးအသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။
  • အဟာရချို့တဲ့သော ကလေးငယ်များသည် ကိုယ်ခံအားကျဆင်းနေပါသဖြင့် ကာကွယ်ဆေးကို မဖြစ်မနေထိုးခြင်းဖြင့် ရောဂါကာကွယ်ရန် လိုအပ်သော ကိုယ်ခံစွမ်းအားထုတ်လုပ်နိုင်မှုကို မြှင့်တင်ရပါမည်။
  • ကလေးငယ်သည် ပုံမှန်ကာကွယ်ဆေးကို သတ်မှတ်လမ်းညွှန်ထားသည့် အစီအစဥ်အတိုင်း မထိုးနှံမတိုက်ကျွေးခဲ့ပါက ဘာဖြစ်နိုင်ပါသလဲ။

  • ကာကွယ်ဆေးများသည် လုံခြုံစိတ်ချရပြီး အသက်များကို ကယ်တင်နိုင်ပါသည်။ လုံခြုံစိတ်ချရစေရန် စံချိန်စံညွှန်းများအတိုင်း ထုတ်လုပ်ထားပါသည်။
  • အကယ်၍ ကလေးငယ်သည် မည့်သည့်ကာကွယ်ဆေးကိုမဆို အနည်းဆုံး တစ်ကြိမ်ရရှိထားပါက ထိုးနှံ တိုက်ကျွေးရန် ကျန်ရှိနေသည့် ကာကွယ်ဆေးအကြိမ်များကို သတ်မှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း ထိုးနှံတိုက်ကျွေးရမည်ဖြစ်သည်။ ကာကွယ်ဆေးများကို အစမှ ပြန်လည် ထိုးနံတိုက်ကျွေးရန် မလိုအပ်ပါ။
  • ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးမှု နောက်ကျပါက ကလေးငယ်တွင် ရောဂါဖြစ်ပွားနိုင်မှု အန္တရာယ်ပိုမိုများပြားစေနိုင်သည်။
  • ကာကွယ်ဆေးထိုးထားသောနေရာတွင် နာကျင်ခြင်း၊ ယောင်ရမ်းခြင်းဖြစ်ပေါ်ပါက မည်သို့ ဆောင်ရွက်ရမည်နည်း။

  • ရေအေးဝတ်၊ ရေခဲကပ်ခြင်းသည် နီရဲယောင်ရမ်းခြင်းကို သက်သာစေနိုင်ပါသည်။ ကလေးငယ်ရောဂါ လက္ခဏာ သက်သာစေရန် ပါရာစီတမော အရည် (သို့) အခဲကို ကလေးငယ်နှင့် သင့်လျော်သော အချိုးအစားအတိုင်း တိုက်နိုင်ပါသည်။
  • သန့်ရှင်းသော အဝတ်ကို ရေအေးတွင် စိမ်၍ ရေညှစ်ပါ။ ထို့နောက် နီရဲယောင်ရမ်းသော ဆေးထိုးသည့် နေရာအပေါ်တွင် ရေအေးဝတ်ကပ်ထားပါ။
  • ကလေးငယ်ကို ကာကွယ်ဆေး တစ်မျိုးထက်ပိုပြီး တချိန်တည်း ထိုးနှံနိုင်ပါသလား။

  • ထိုးနှံနိုင်ပါတယ်။ ကလေးငယ်၏ ခုခံအားစနစ်သည် ကာကွယ်ဆေးတစ်ခုထက်မက တုံ့ပြန်နိုင်ပါသည်။ သုတေသနများအရ ကာကွယ်ဆေးများ တစ်ချိန်တည်းထိုးခြင်းနှင့် သီးခြားစီထိုးခြင်း၏ အကျိုးသက်ရောက်မှုသည် ကွာဟမှု မရှိကြောင်း တွေ့ရပါသည်။
  • နောက်တစ်ကြိမ်ကာကွယ်ဆေးထိုးရန် ရွှေ့ဆိုင်းခြင်းသည် ကလေးငယ်အား ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားစေပါသည်။ ကာကွယ်ဆေးမထိုးထားသော ကလေးများနှင့် အကြိမ်ပြည့်မထိုးထားသော ကလေးများတွင် ပြင်ပမှရောဂါများကူးစက်ဝင်ရောက်လာပါက ရောဂါကာကွယ်ရန် လိုအပ်သော ကိုယ်ခံစွမ်းအား ထုတ်လုပ်နိုင်ရန် အင်အားနည်းပါး။မရှိသဖြင့် ဖျားနာခြင်းနှင့် နောက်ဆက်တွဲဆိုးရွားသောအခြေအနေများဖြစ်ပွားနိင်ပါသည်။